Book a Service
← ဆောင်းပါးများ
BLOG · AI VIDEO

ဖုန်းတစ်လုံးတည်းနဲ့ AI Video စလုပ်နည်း

Kyaw Thet Paing · Ai Global Technology

ကျွန်တော် Bangkok ကနေ နေ့တိုင်း AI Video တွေ ဖန်တီးနေတာ ကွန်ပျူတာနဲ့ မဟုတ်ဘူး — ဖုန်းတစ်လုံးတည်းနဲ့ပဲ။ Camera ကြီးတွေ၊ editing စက် အကြီးစားတွေ ဘာမှ မရှိဘူး။ ကျွန်တော် စလုပ်တုန်းကလည်း သုညကနေ စခဲ့တာမို့ အခု ဒီဆောင်းပါးမှာ စလုပ်ချင်သူတွေ အတွက် လိုအပ်တာတွေနဲ့ workflow တစ်ခုလုံးကို ရိုးရိုးရှင်းရှင်း ပြောပြပေးပါမယ်။

ဘာတွေ လိုအပ်လဲ

ဒါပဲ — ပိုက်ဆံ အများကြီး အရင် ရင်းစရာ မလိုဘူး။

Workflow — အဆင့် ၅ ဆင့်

အဆင့် ၁ — ဇာတ်လမ်း အရင် စဉ်းစား။ Video မလုပ်ခင် ဘာကို ပြချင်တာလဲ အရင် ဆုံးဖြတ်။ အရေးကြီးဆုံးက ပထမ ၃ စက္ကန့် — လူက ဆက် ကြည့်မလား၊ ကျော်သွားမလား ဆိုတာ အဲဒီ အချိန်အတွင်း ဆုံးဖြတ်တာမို့ အဖွင့်ကို အားကောင်းအောင် လုပ်။

အဆင့် ၂ — AI ပုံ ထုတ်။ Prompt ရေးတဲ့အခါ ပုံသေနည်း ၃ ပိုင်း မှတ်ထား — ဘယ်သူ/ဘာလဲ (subject)၊ ဘာ လုပ်နေလဲ (action)၊ ဘယ်နေရာမှာ လဲ (scene)။ ကိုယ့် character ကို တစ်ခါ သတ်မှတ်ထားရင် နောက် video တွေမှာလည်း အဲဒီ character ကိုပဲ တူညီအောင် ပြန် ထုတ်လို့ ရတယ်။

အဆင့် ၃ — ပုံကို Video ပြောင်း။ ရလာတဲ့ ပုံကို Flow ထဲမှာ လှုပ်ရှားအောင် လုပ်။ Camera ရွှေ့ပုံ အတွက် စကားလုံး အများကြီး မလိုဘူး — အခြေခံ စကားလုံး အနည်းငယ်နဲ့ စပြီး တစ်ခါလုပ်တိုင်း တစ်ခု တိုးသွား။

အဆင့် ၄ — CapCut နဲ့ ဆက်။ Scene တွေကို စီထည့်၊ မလိုတာ ဖြတ်၊ စာတန်း ထည့်၊ သီချင်း ထည့်ပြီး Export ထုတ်။ ဒီ အဆင့်က video ရဲ့ အရည်အသွေးကို အဆုံး အဖြတ် ပေးတာမို့ အချိန် ပေးပြီး သေချာ လုပ်။

အဆင့် ၅ — တင်။ Caption ကို လူ ဖတ်ချင်အောင် ရိုးရိုး ရေး၊ hashtag သင့်တော်တာပဲ သုံး။ Copyright ကို သတိထားပါ — သူများ video/သီချင်း ကို ဒီအတိုင်း ပြန်တင်တာ ဘယ်တော့မှ မလုပ်နဲ့။

စလုပ်သူတွေ အဖြစ်များ အမှား ၃ ခု

  1. တစ်ခါတည်း ပြည့်စုံချင်တာ — ပထမဆုံး prompt နဲ့ ပြည့်စုံတဲ့ ရလဒ် မရတာ ပုံမှန်ပဲ။ ပြန်လုပ်၊ နည်းနည်း ပြင်ပြီး ထပ်စမ်း — ဒါက workflow ရဲ့ အစိတ်အပိုင်းပဲ။
  2. စာသားကို AI ကို ရေးခိုင်းတာ — AI က ပုံထဲ စာ ရေးရင် မြန်မာစာ အထူးသဖြင့် မကြာခဏ လွဲတယ်။ စာတန်း/စာသားတွေကို CapCut မှာ ကိုယ်တိုင် ထည့်တာ အမြဲ ပိုမှန်တယ်။
  3. တစ်ရက်တည်း အကုန် တတ်ချင်တာ — ကျွန်တော်ကိုယ်တိုင် နေ့တိုင်း နည်းနည်း လေ့ကျင့်ရင်းနဲ့ တက်လာတာ။ တစ်ရက် တစ်ခု ပုံမှန် လုပ်သွားရင် တစ်လ အတွင်း သိသိသာသာ တိုးတက်လာမယ်။

အခြေခံက ဒီလောက်ပဲ — စလုပ်ဖို့ အကောင်းဆုံး အချိန်က အခုပဲ။ ဖုန်းကို ကိုင်ပြီး ပထမဆုံး ပုံ တစ်ပုံ စမ်း ထုတ်ကြည့်လိုက်ပါ။

တစ်ဆင့်ချင်း အသေးစိတ် သင်ချင်ရင်

ကျွန်တော့်ရဲ့ "ဖုန်းတစ်လုံးတည်းနဲ့ AI Video ဖန်တီးနည်း" သင်တန်း Batch 1 မှာ ဒီ workflow ကို Module 0 ကနေ 8 အထိ သင်ခန်းစာ ၃၃ ခုနဲ့၊ နေ့တိုင်း Q&A ပါပြီး သင်ပေးပါတယ်။ Batch 1 က 45,000 Ks၊ လူ ၂၀ ပဲ လက်ခံပါတယ်။

Telegram မှာ စာရင်းသွင်းရန်

နေ့စဉ် အခမဲ့ knowledge တွေကိုတော့ Ai Global Technology Telegram Channel မှာ ဖတ်နိုင်ပါတယ်။

← ပြန်ရန်
© Ai Global Technology · Home · Blog · Brand & Copyright · Telegram Channel
🤖 Ai Global Technologyဈေးနှုန်း / ဝန်ဆောင်မှု မေးခွန်းများ — ချက်ချင်း အလိုအလျောက် ဖြေပေးပါတယ်