AI Video စလုပ်ချင်ပေမယ့် "app တွေက ပိုက်ဆံပေးမှ ရတာလား" လို့ မေးတဲ့သူ များတယ်။ တကယ်တော့ အခု အချိန်မှာ အခမဲ့ စမ်းသုံးလို့ရတဲ့ app ကောင်းကောင်းတွေ အများကြီး ရှိပါတယ် — ကျွန်တော် ကိုယ်တိုင် နေ့တိုင်း သုံးနေတဲ့ ၅ ခုကို ဘယ် app က ဘာအတွက် ကောင်းလဲ ဆိုတာနဲ့ တွဲပြီး ပြောပြပေးပါမယ်။
ပုံ တစ်ပုံကို video အဖြစ် လှုပ်ရှားအောင် လုပ်ပေးတဲ့ tool ပါ။ Google account ရှိရုံနဲ့ အခမဲ့ စမ်းသုံးလို့ရပြီး၊ ကျွန်တော့် workflow ရဲ့ အဓိက tool လည်း ဖြစ်ပါတယ်။ Character ပုံတွေ ထုတ်တာရော၊ ပုံကို video ပြောင်းတာရော တစ်နေရာတည်းမှာ လုပ်လို့ရလို့ စလုပ်သူတွေ အတွက် အလွယ်ဆုံးပဲ။
စာသား (text) ကနေဖြစ်ဖြစ်၊ ပုံကနေဖြစ်ဖြစ် video ထုတ်လို့ရပြီး လူတွေ လှုပ်ရှားပုံ သဘာဝ အကျဆုံး app တွေထဲက တစ်ခုပါ။ အခမဲ့ credit တွေ ရလို့ စမ်းသုံးလို့ ရပါတယ်။ Product video တွေ၊ လူ လမ်းလျှောက်တဲ့ scene တွေမှာ အရမ်း ကောင်းတယ်။
ရှိပြီးသား ပုံကို video ပြောင်းတဲ့ နေရာမှာ မြန်ပြီး ရလဒ် ကောင်းတဲ့ app ပါ။ Character ရဲ့ မျက်နှာ အမူအရာ ပြောင်းလဲမှုတွေ လုပ်တဲ့ နေရာမှာ အားသာတယ်။ အခမဲ့ အသုံးပြုခွင့် ပါပါတယ်။
Template နဲ့ effect တွေ စုံလင်လို့ ပျော်စရာ ကောင်းတဲ့ video အတိုလေးတွေ လုပ်ချင်ရင် သင့်တော်ပါတယ်။ အခမဲ့ credit နဲ့ စမ်းလို့ရပြီး၊ social media အတွက် မျက်စိ ဆွဲဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ အလွယ်တကူ ထည့်လို့ရတယ်။
CapCut က AI video ထုတ်တဲ့ app မဟုတ်ပေမယ့် ရလာတဲ့ video တွေကို ဆက်ပြီး အပြီးသတ် လုပ်တဲ့ နေရာမှာ မရှိမဖြစ် လိုပါတယ် — ဖြတ်တာ၊ စာတန်း ထည့်တာ၊ သီချင်း ထည့်တာ၊ auto caption လိုမျိုး AI feature တွေပါ အခမဲ့ သုံးလို့ရတယ်။ ကျွန်တော့် video တိုင်းရဲ့ နောက်ဆုံး အဆင့်က CapCut မှာပဲ ပြီးတယ်။
App တစ်ခုတည်းနဲ့ အကုန် လုပ်ဖို့ မကြိုးစားနဲ့ — ထုတ်တဲ့ app နဲ့ ဆက်တဲ့ app ခွဲသုံးတာ ကျွန်တော်တို့ creator တွေရဲ့ ပုံမှန် workflow ပဲ။
ကျွန်တော့်ရဲ့ "ဖုန်းတစ်လုံးတည်းနဲ့ AI Video ဖန်တီးနည်း" သင်တန်း Batch 1 မှာ ဒီ app တွေကို ဖုန်းပေါ်ကနေ လက်တွေ့ သုံးပြီး video အပြည့် တစ်ခု ဖန်တီးတဲ့အထိ သင်ပေးပါတယ်။ Batch 1 က 45,000 Ks၊ လူ ၂၀ ပဲ လက်ခံပါတယ်။
Telegram မှာ စာရင်းသွင်းရန်နေ့စဉ် အခမဲ့ knowledge တွေကိုတော့ Ai Global Technology Telegram Channel မှာ ဖတ်နိုင်ပါတယ်။